သိန်းထောင်ချီကျောက်တွေနဲ့ ဘဝပျက်ခဲ့ရသူ ဦးခမ်းလုံ အပိုင်း(၂)

ဦးခမ်းလုံတို့ လင်မယား လုံးခင်းရွာလေးမှာပဲ အိမ်ခန်းငှားအဖြစ် နေထိုင်ပါတယ်။ ဦးခမ်းလုံ လုံးခင်းရွာထဲသို့ လျှောက်ပတ်ကြည့်ပြီ။ လုံးခင်းရွာထဲမှ စည်ကားစ ဈေးသယ်မျာလဲ ဟိုတစ်စု ဒီတစ်စုတွေ့နေရပြီ။ ဦးခမ်းလုံ အိမ်အတွက် ချက်စရာပြုတ်စရာများ ဝယ်ပါပြီ။ လုံးခင်းဈေးလေးထဲမှ ကုန်ဈေးနှုန်း အသီးအရွက် ကြက်ဥဈေးကအစ သူနေခဲ့သော ရွာမှဈေးထက် တော်တော်ကွာနေပြီ( 1992ခုနှစ် လုံးခင်းဈေးမစီသေးပါ ဟိုတစ်ကွက် ဒီတစ်ကွက်ရောင်းချသူများသာရှိပါသည် )
ဦးခမ်းလုံ ဆန်၎ပြည်နဲ့ ဆီတစ်ပိသာ မီးဖိုချောင်သုံးပစ္စည်း သားငါးများဝယ်ခဲ့သည် ။ ဦးခမ်းလုံတို့မိသားစု အိုးခွက်ပုဂံတော့ မဝယ်ရပါ ရွာကထွက်လာစဉ်က တစ်နိုင်တစ်ပိုင်သယ်ခဲ့သည်။ ဦးခမ်းလုံ ရွာမှာပိုင်ဆိုင်မူ အိမ်တစ်လုံးသာ ကျန်ပါတော့သည် လယ်ယာတွေ အကုန်ရောင်းချ၍ ဖားကန့်သို့ တက်လာခြင်းဖြစ်သည်။
ဦးခမ်းလုံ လုံးခင်းရွာသို့ ၅ရက်ခန့် ရောက်တဲ့အခါ စိတ်ကူးတစ်ခုရပါပြီ ဈေးရောင်းမယ်ဟု ဆုံးဖြတ်ချက်ချပါပြီ။ ဦးခမ်းလုံ အားလူး ကြက်ဥ ငါးခြောက် ကြက်သွန် ခရမ်းချမ်းသီး အသီးအရွက်တွေ ဈေးရောင်းလို့ အဆင်ပြေသော လူသွားလူလာများသောနေရာလွှတ်၌ မိုးကာစ ဖျာများခင်း၍ ဈေးစရောင်းပါသည်။
ဦးခမ်းလုံတို့ ဈေးရောင်းခဲ့တာ ငွေပိုငွေလျှံ တအားကြီးမပိုလျှံပေးမဲ့ သူ၏ ရွာနဲ့ နှိုင်းယှဉ်ရရင် ဈေးရောင်းနေရတာ သာတယ်ဟုဆိုနိုင်ပါသည်။
ဦးခမ်းလုံး ဒေါ်နန်းအတူ ဈေးရောင်းရင်းနဲ့ သမီးလေးအား လုံးခင်းကျောင်းမှပဲ စ ထားပါသည်။
ဦးခမ်းလုံတို့ တစ်နှစ်ခန့်သို့ ရောက်သောအခါ အားလူး ကြက်သွန် ကြက်ဥများ မရောင်းတော့ပဲ
ဝက်သားတုတ်ထိုးနဲ့ ဝက်သားချဉ် တွဲရောင်းပါသည်။ဝက်သားတုတ်ထိုးရောင်းဖို့အတွက် နေရာအခန်း ထပ်ငှားပါသည်။ ဦးခမ်းလုံက လူကသာ တောမှာနေခဲ့တော့ လူရိုးစရိုက်ပုံစံပါ အကြံညဏ်ကြီးသူဆိုတော့ လုပ်ငန်း ပြောင်းလုပ်သင့်ရင် ပြောင်းလုပ်ဖို့ ဝန်မလေးပါ။ လုံခင်းရွာလေးမှာ ဝက်သားတုတ်ထိုး ဝက်သားချဉ် ရောင်းတဲ့ဆိုင်ဖွင့်စ၍ဖွင့်တော့ ဦးခမ်းလုံတို့ တအားရောင်းရပါသည်။ ဦးခမ်းလုံတို့ လင်မယား ဝက်သားတုတ်ထိုးရောင်းခဲ့တာ ၂နှစ်ခန့် ကြာခဲ့ပြီ လက်ထဲ၌ လဲ ရွှေတွဲလဲ ငွေတွဲလဲဖြစ်နေပြီ။ဦးခမ်းလုံတို့လင်မယား စုဆောင်းငွေများ ရှိလာပါသည်။
( ဦးခမ်းလုံ၏ စီးပွားရေး ပညာမှာ နယ်မြေဒေသ အနေအထားပေါ်ကြည့်၍ စွန့်ဦးတီထွင် ဝက်သားတုတ်ထိုးနဲ့ ဝက်သားချဉ် တွဲရောင်းခြင်းက နည်းလမ်းကောင်းသော စနစ်ဖြစ်ခဲ့သည် ထိုသို့ ဈေးရောင်းခြင်းကို အတုယူ၍ မိမိဆိုင်ရာ နယ်မြေဒေသများမှာ စွန်ဦးတီထွင် လုပ်ငန်းများ အရောင်းအဝယ်ဆိုင်ရာများ ဈေးရောင်းဈေးဝယ်ဆိုင်ရာနဲ့ အစားအသောက်ဆိုင်ရာ မိမိရပ်ရွာနယ်မြေနဲ့ လိုက်ဖက်သော ကုန်ပစ္စည်း စွန့်ဦးတီထွင် တွေးတောကာ လုပ်ကိုင်ကြပါရန်။ ( အလုပ်မရှိသူအတွက်သာ အလုပ်ခြားတာပါ။ အလုပ်ရှာသူအတွက်တော့ အလုပ်မခြားပါ။)
ဦးခမ်းလုံဆိုင်လေး ရောင်းအားကောင်းလာသဖြင် သူတို့လင်မယားနဲ့ မနိုင်တော့ပါ ရောင်းအားက တစ်နေ့တစ်ခြား လူသိများ၍ အလွန်ရောင်းလာပါသဖြင့် လူငှားမိန်ကလေး နှစ်ယောက်ရပါသည်။
ဦးခမ်းလုံလဲ မှော်ထဲလုံးခင်းမှာ နေထိုင်ခဲ့တာ ၃နှစ်ကျော်ခဲ့ပြီ။ ဦးခမ်းလုံတို့ လင်မယားနှစ်ယောက်သား ဒိုးတူ ဘောက်ဘက် မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ စီးပွားရှာခဲ့တာ စီးပွားရေးကောင်းစ ရှိလာပါသည်။
ဦးခမ်းလုံက လောဘကြီးပါသည် မှော်နယ်မြေမှ ကျောက်စိမ်းအောင်သွားသူတွေ မျက်မြင်တွေ့နေရတော့ ကျောက်စိမ်းလောကသို့ ဝင်ဖို့ တာစုနေပြီ။
ဦးခမ်းလုံ ကျောက်ဝယ်လောပန်းပေါက်စ တစ်ဦးနဲ့ ခင်၍ ရေမဆေကျောက်ဝယ်သော နေရာ တစ်နိုက်တစ်ပိုင် ကျောက်တူးသူ လက်ကျင်းတူးသူများထံ မှော်ပတ်၍ ဝယ်ပါသည်။
ဦးခမ်းလုံက ကျောက်နားမလည်ပါ သူနဲ့အတူတွဲသော လောပန်းပေါက်စ ဝယ်သမျှ ကျောက်တွေမှာပဲ တစ်ဝက်စု ရှယ်ယာစု လိုက်ထည့်နေပါတယ်။
ဦးခမ်းလုံက ဝယ်သမျှ ကျောက်နဲ့ ကျောက်ကျောအနေအထား ကျောက်အခွံရောင် ကျောက်အမျိုးမျိုးကို လိုက်မှတ်နေသည်။ သူ၏ လောပန်းပေါက်စမှ ဝယ်လိုက်သော ကျောက်အားလဲ ဘာကြောင့်ဝယ်လဲ ကျောက်က ဘယ်လိုဖြစ်မှာလဲ မေးခွန်းများစွာမေးပြီ ဦးခမ်လုံ လေ့လာနေပါပြီ။ဦးခမ်းလုံ သူငယ်ချင်း လောပန်းပေါက်စအမည်က ကိုစိုင်းအောင်ပါ ( သူလဲ ရှမ်းတိုင်းရင်သားပါ)
ဦးခမ်းလုံမှ= သူငယ်ချင်းရေ ငါတို့ ကျောက်ဝယ်ရောင်းလုပ်နေတာ တစ်လကျော်ခဲ့ပြီနော် ငါလဲ ကျောက်အစုံမြင်ဖူးပြီ ငါနားမရှင်းတာက ကျောက်တွေရဲ့ ကျောက်ကျောကအမျိုးမျိုးရှိတယ် ကျောက်ပုံစံအခွံတွေကလဲ အမျိုးမျိုးပဲ ငါအဲဒီလောက်အများကြီးလိုက်မမှတ်နိုင်ဘူးဟ ငါသိတာဆိုးလို ကျောက်မှာပါတဲ့ အနာလမ်းကြောင်းတွေပဲ ကောင်းကောင်း သိတယ် ကျောက်စိမ်းမျိုးမှန်ရင် သာမာန် ကျောက်တုံးကျောက်ခဲထက် ဝိတ်အလေးချိန်ပါမှန်းလဲ သိတယ်။ ဒါပေမဲ့ ငါက ကျောက်စိမ်းနဲ့ ကျောက်ခဲနည်းနည်းတော့ခွဲတတ်ပြီ ကျောက်ကောင်းဆိုတာ ဘယ်ဟာမျိုးလဲဟ မင်းဝယ်သမျှကျောက်တွေမှာ စိမ်းစိမ်းပါတဲ့ အရောင်နည်းတယ်ဟ မနေ့က ကျောက်တစ်လုံက အစိမ်းရောင်ပါတာကို မင်းကဘာလိုမဝယ်တာလဲဟ ငါလဲ ရှင်းပြပါအုံး)
ကိုစိုင်းအောင်မှ= ဒီလိုရှိတယ်ကွ ကျောက်စိမ်းကို ရေမဆေးကျင်းထွက်နဲ့ ဆေးပြီသားကျောက်တွေအားလုံးကို လုံးစွပ်လို့ ခေါ်တယ်ကွာ ကျောက်စိမ်းဆိုတာက ကျောက်စိမ်းထွက်သော မှော်ကွဲပြားမူ ကျောက်ကျောကွဲပြားမူပေါ်လိုက်၍ ကျောက်အခွံရောင်တွေ မတူညီတတ်ဘူးကွ အချို့ကြတော့လဲ တစ်မှော်နဲ့ တစ်မှော် ကျောက်ပုံစံအခွံရောင်တွေဆင်တယ်ကွ ကျောက်ပုံစံအခွံတူပေးမဲ့ ကျောက်တစ်လုံးကိုဖြတ်တဲ့အခါ မှော်နယ်မြေကွဲပြားမူပေါ်လိုက်၍ ကျောက်သား ကျောက်ရေတွေက ပြောင်းလဲပြန်ရော ကျောက်စိမ်းကို ဝယ်တဲ့အခါ နှစ်ချက်မှတ်ထားကွာ ကျောက်စိမ်းမှာက အသားနဲ့ အရေနှစ်မျိုးပဲ ရှိတယ်ဟု မှတ်ထားကွာ မင်းနားလည်လွယ်အောင်ပြောတာပါ။ အခုငါတို့ဝယ်တဲ့ကျောက်တွေမှာ စိမ်းစိမ်းမပါပဲ ဘာလို့ ဝယ်လဲဆိုလျှင် ကျောက်၏ အသားတန်းကို ခေါင်းတယ်ဟု ခေါ်တယ်ကွ ကျောက်စိမ်းက စိမ်းမှ ကောင်းတာမဟုတ်ဘူးဟ ကျောက်သားမြင့်ရင်လဲ ရောင်းစားကျောက်ဖြစ်တာပဲ။
မင်းကြည့်လေ ငါတို့နှစ်ယောက် မှော်ဆီစာနားက ( အခုဘုရားကုန်းအောက်ကမ်းပါး) မြေမှန်တစ်လုံး ဝယ်ခဲ့တာပဲကြည့်လေ ဝယ်ဈေးက ၂သောင်းပဲ ရှိတာ ငါတို့ ကျောက်ဆေးပြီရောင်းတော့ ၃သိန်းတောင်ရောင်းစားရတယ်လေကွာ မင်းဝက်သားတုတ်ထိုးအမြတ် တစ်လစာလောက်ရသွားတယ်လေ အဲဒီကျောက်ကို မင်းမှတ်ထလိုက်လား စိမ်းစိမ်းတူတာဆိုလို့ နှမ်းစက်လေးတွေလို စိမ်းတာပဲ ပါတာမင်းတွေ့မှာပါ အဲဒီစိမ်းစိမ်းအစက်အပြောက်လေးတွေက ပန်းပေါက်ဟု ခေါ်တယ်ကွ အဲဒီကျောက်မှာ ပါတဲ့ အခွက်ချိုင့်ခွက်သေးသေးလေးတွေ တွေ့လိုက်လား အဲဒါကို ချစားပေါက်လို့ ခေါ်တယ် ဘယ်မှော်ကထွက်တဲ့ ကျောက်ပဲဖြစ်ပါစေ။
ကျောက်အခွံတွေမှာ ချစပေါက် ချိုင့်ခွက်(သစ်သားတုံးအား ချကိုက်ထားသလို့ ချိုင့်ကွက်များ ပါရှိခြင်းကိုဆိုလိုသည်) လေးတွေပါရင် အဲဒီကျောက်မျိုး ကျောက်မျိုးတန်းမြင့် ကျောက်သားကောင်းရတတ်တယ် အဲဒီကျောက်မှာ ကျောက်ယမ်းက ငြိမ်တယ် ယမ်းမကစား
ပန်းစ ပန်းပြောက်ကပါတော့ ဒီကျောက်က ကောင်းခြင်းအင်္ဂရပ်တွေပါနေခြင်းကြောင့် သုံးသိန်းထိရောင်းရတာပေါ့ကွာ ဒီကျောက်ကို ဝယ်ဖြတ်မဲ့သူ အခြေနေတော့ ဘယ်လိုရှိမယ်မပြောတတ်ပေမဲ့ ငါက ခွံရောင် မညီလို့ မဖြတ်လိုက်တာ ကျောက်ခွံရောင်သာညီရင် ငါဖြတ်မှာ။
ကျောက်ဆိုတာက ဖြတ်တိုင်းအောင်တာမဟုတ်ဘူးဟ။အလုံးတစ်ရာ ဖြတ်ရင်တောင် တစ်လုံးအောင်ခဲတယ်။ဥပမာ ငါတို့ဆီက ဝယ်သွားတဲ့သူ ကျောက်ဖြတ်လိုက်လို့ ကျောက်သားအမြုပ်ဝင်မယ် အနာတွေဝင်မယ်ဆိုရင် ဝယ်သူက ရှုံးမှာကွ သူပြန်ရောင်းလို့ရရင် သောင်းပိုင်းပဲ သူဖြတ်လို့ အောင်ရင် ဆယ်ထပ်ကျောက်လဲ ဖြစ်နိုင်တယ်။ကျောက်ရဲ့ အတွင်းထဲက အစိတ်အပိုင်းကို အလုံစုံ သိဖို့ တအားခက်တယ်ကွ ကျောက်ယမ်းနိုင်လို့ ကျောက်သား ကာလာအရောင် ခန့်မှန်းလို့ရရင်တောင် ကျောက်ဖြတ်တဲ့အခါ ငါတို့မမြင်နိုင်တဲ့ အဖျက်လက္ခဏာတွေ ဝင်ရင် ကျောက်ကရှုံးတာပဲ ကျောက်လောကဆိုတာ စွန်းစားခြင်းလုပ်ငန်းတစ်ခုပဲကွ
မှတ်ထား ကျောက်စိမ်းမျိုးတိုင်း လိုက်ဝယ်ရတာမယုတ်ဘူးကွ ကျောက်များများကြည့်၍ မိမိရဲ့ သုံးသတါချက်နဲ့ ကိုက်ညီသော ကျောက်ကိုပဲ ဝယ်ရတာကွ ရေမဆေးကျောက်ဆိုတော့ ပိုဆိုးတာပေါ့ကွာ ဝယ်သူကလဲ ဘာမှမမြင်ပဲ ဝယ်တယ် ရောင်းသူကလဲ ဘာမှမမြင်ပဲရောင်းတယ်။ ငါတို့ဝယ်ယူသူက ရေမဆေးကျောက်ရဲ့ ကျောက်ယမ်း မှော် မီးပေါက်အခြေနေ ကျောက်ကျောအခြေအနေ ကျောက်ခွံအခြေနေ ကျောက်ချောအခြေအနေ ကျောက်၏ တည်ဆောက်ပုံ အခြေနေတွေကို သုံးသပ်၍ ဝယ်ယူရတာကွာ။ကျောက်စိမ်း၏ သဘောတရားအယူအဆတွေက တအားကျယ်ပြန့်တယ်ကွ
မှော်= ဘယ်မှော်လဲ ကျောက်စိမ်းမျိုးမှန်ရက်လား( ပလွန် ကျီးကန် မောက်ချောက် တောင်ဆန် ကျေညက်မျိုးဖောက် မှော်မမှန် ကျောက်မျိုးနွယ်မမှန်) အသားကောင်းတဲ့မှော်လား အရေအားကောင်းတဲ့မှော်လား ကျောက်ယမ်းအခြေနေက ခေါင်းသင့်တဲ့ ကျောက်ယမ်းထဲပါသလား မီးပေါက်အခြေနေက ကျဲပေါက်လား နုပေါက်လား ကျောက်သားမြင့်မှာပေါက်တာလာ ဆန်းပေါင်လား အဖြူပေါက်လား အဝါပေါက်လား ချွပ်ပေါက်လား ကျောက်ဆီးကျောက်သားကောင်းလို့ ပေါက်တာလား ယမ်းဆော့ပြီမီးပေါက်သလား ကျောက်ချောက လှရက်လား ချော်အထူအပါး ကျောက်ချော၏ ကွာမူ စီးကပ်မူ ကျောက်ချော၏ အသွားအလာ
အရေအား မန်းအားကောင်းလား အရေပါနိုင်တဲ့လက္ခဏာပါနိုင်လား ချင်း ငချိတ် အပြစ်အနာဆာ အနာလမ်းကြောင်းကအစ တော်တော်များများ အလုံးစုံတွက်၍ ဝယ်ယူရတာကွ ရေမဆေးကျောက်ကို ဝယ်သူတွေ မရှုံးဖူးသူမရှိဘူးကွာ ရှုံးကျတာပဲ ဒါပေမဲ အရှုံးနည်အောင်နဲ့ မိမိအတွက် အောင်ကျောက်ဖြစ်ဖို့ ရောင်းစားကျောက်ဖြစ်ဖို့ အသေးစိတ်တွက်ယူအားကောင်းသူတွေက အရှုံးနည်း၍ အမြတ်ကျန်တယ်ကွ ရေမဆေးကျောက်လိုင်းက ရင်ခုန်စရာ အကောင်းဆုံးပါ။
ရောင်းသူကလဲ သူကျောက်မကောင်းဘူးဟု အများအားဖြစ်ထင်၍ ရောင်းတယ် အချို့ရေမဆေးတွေကလဲ ငွေလိုအပ်မူကြောင့် ပြချက်လှပေးမဲ ကိုယ်တိုက်မဆေးရဲပဲ ရောင်းတယ် သူတို့ကိုယ်တိုင်ဆေးလိုက်လို့ ပြချက်လှတဲ့နေရာတွေ ကျောက်ယမ်း ပန်း ကာလာအသားရောင် မန်ူအနေအထားတွေက ကျောက်မှာထပ်မပါတော့ပဲ အပြစ်အနာဆာ များပါလာရင် သူတို့အတွက် ကျောက်ပျက်ဖြစ်၍ ရောင်းမစားရမှာဆိုး၍ အရဲစွန့်၍ ရောင်းတာပါ ငါတို့ကျောက်ဝယ်သူလောပန်းတွေကလဲ ဒီကျောက်လေးတော့ ခေါင်းပျော်တယ် ကျောက်ယမ်းလေးမဆိုးဘူးဟ ထပ်ဆေးလို့ ဒီလိုလေးထပ်ဖြစ်ရင် ဘယ်လောက်တော့ ဖြစ်နိုင်တယ်ဟု အကြမ်းအားဖြစ် သုံးသပ်၍ ဝယ်ယူတာ။
ရေမဆေးကျောက်ဝယ်သူနဲ့ ရောင်းသူ နှစ်ဦးလုံး မှားတတ်ပါတယ်ကွာ နှစ်ဦးလုံးမမှားဖို့ဆိုရင် ကျောက်တစ်လုံး၏ မဆေးခင်ကအေခြနေကို ဆေးပြီးတဲ့အခါ အနီးစပ်ဆုံး တွက်ယူနိုင်သူက ကောင်းတာပေါ့ကွာ ကျောက်စိမ်းတစ်လုံးမှာ ကောင်းသော လက္ခဏာထက် မကောင်းသောအဖျက်လက္ခဏာများသော ကျောက်တွေက ပိုများတယ်ကွ ကျောက်တစ်လုံးက ဆေးသင့်တဲ့ကျောက် မဆေးသင့်တဲ့ကျောက် ဖြတ်သင့်တဲ့ ကျောက် မဖြတ်သင့်တဲ့ကျောက် ကွမ်းသင့်တဲ့ကျောက် မကွမ်းသင့်တဲ့ကျောက်အမျိုးမျိုးရှိတယ်ကွာ။ရေမဆေးဝယ်သူပဲဖြစ်ဖြစ် ရောင်းသူပဲဖြစ်ဖြစ် တစ်ချက်မှားတာ နဲ့ သွားတာပါပဲကွာ။ကျောက်စိမ်းလောကမှာ အထူးသတိထားဖို့က (မဝယ်သင့်တဲ့ ကျောက် မဖြတ်မကွမ် မဆေးသင့်တဲ့ကျောက် မလုပ်မိဖို့ အထူးဂရုစိုက်ရမယ်ကွ ကျောက်စိမ်းက ပုပ်တဲ့မျိုးမဟုတ်ပေမဲ့ အညံ့ပန်း အညံ့သား အသားပိတ် အသားနူ ကျောက်သားပျက်တာတွေဖြစ်ရင် အားလူးသီးတစ်လုံးလောက်တောင် အဖိုးမတန်ဘူးကွာ။ငါပြောတာတွေမှတ်ထားပေါ့ကွာ နောက်လဲပြောပြပေးမှာပေါ့။
ကျောက်စိမ်းပညာသင်မယ်ဆိုရင် ကျောက်စိမ်းရတနာကို ချစ်မြတ်နိုးစိတ်နဲ့ သင်ယူသူတွေက ကျောက်စိမ်းရတနာနဲ့ လူ၏ အတွင်းစိတ်ပေါင်းကူပြု ၍ ကျောက်ပညာတတ်လွယ်မယ်ကွာ လေ့လာပါ မှတ်သားပါ ကွဲပြားသော မှော် ကျောက်၏ကွဲပြားမူ ကောင်းခြင်းလက္ခဏာ ဆိုးခြင်းလက္ခဏတွေကို အထူးမှတ်သားပါကွာ ကျောက်၏ အချက်အလက်တွေက အများကြီးကွဲပြားမူတွေရှိတယ်ကွ အဓိက ကျောက်ယမ်းကို ဦးစားပေးမှတ်ပါကွာ)
ဦးစိုင်းအောင်နဲ့ ဦးခမ်းလုံလဲမှော်ဆီစာကျောက်ကျောမှ ကျောက်တစ်လုံးအား ၅သိန်းခန့်ပေး၍ ဝယ်မိပြီ။ရေမဆေးကျောက်အမျိုးအစား ကျင်းထွက်စစ်စစ်သာဖြစ်ပါသည်။ထိုကျောက်အား နောက်နေ့၌ ဆေးသောအခါ
အပိုင်း၃မျှော်ပါရန်
ကျောက်စိမ်းပညာအား သင်ယူလေ့လာမူ၌ လောဘရမ္မက်လိုချင်စိတ်နဲ့ သင်ယူသူထက် ကျောက်စိမ်းရတနာအား မြတ်နိုးတန်းဘိုးထားစိတ်အစစ်အမှန်နဲ့ သင်ယူသူ ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူတွေသာ သင်လွယ်တတ်လွယ်ပြီ လုပ်ငန်းတွေလဲ တိုးတက်အောင်မြင်လာမှာ အမှန်ဟု စာရေးသူမြင်ပါသည်။
ရတနာချစ်သော သူထံသာ ရတနာအစစ်လာမှာ ဧကန်မုချဖြစ်သည်
ကျောက်စိမ်းမြင့်မိုရ်(လုံးခင်း)
ပုံပိုင်ရှင်အား Crdပေးပါတယ်