ကျွန်တော်နှင့် ဖားကန့်အမှောင်နယ်မြေများ အပိုင်း (၁၄)

တာမခန် ဟောင်ပါးအကြောင်းတွေကတော့ ပြော၍လဲ ကုန်မယ်မထင်။ထူးခြားတဲ့ အစိတ်အပိုင်းလေးတွေပဲ ရွေး၍ ပြောခဲ့ ရေးခဲ့သည်ပေါ့။တာမခန် ဟောင်ပါးအကြောင်းပြောရင် ကျောက်စိမ်းအကြောင်းတွေလဲ ပြောစရာတွေအများကြီးသာ။ထူးခြားသောမှော်ရဲ့ ကျောက်စိမ်းမျိုးနွယ်တစ်ခုအကြောင်းပဲ ပြောပါရစေ။
တာမခန် ဟောင်ပါး၌ အခြားကျောက်စိမ်းမှော်များထက် ပို၍ သာလွန်စွာ ထွက်လေါရှိသော ကျောက်မျိုးနွယ်တစ်ခုက ပိန်းဥသား။ပိန်းဥသားကျောက် လွန်စွာထွက်ပါသည်။ပိန်းဥကျောက်ကို ကောက်ယူသိတတ်ဖို့အတွက် ကျောက်စိမ်းအကြောင်း ဘာမှမသိမတတ်သောသူတွေအတွက်တောင် နှစ်ရက်လောက်သင်ပေးယုံနဲ့ လွယ်ကူစွာ တတ်နိုင်ပါသည်။
သို့သော်လည်း ပိန်းဥကျောက်သည် လမ်းခင်းကျောက်သဖွယ်သာသာပါပဲ။ဈေးကွက်မရှိ အသားက ပိန်း ကျောက်မျိုးနွယ်ဝင်ဖြစ်သော်လည်း ကျောက်ဆီကျောက်သားသုံးစွဲလို့မရ မာခြင်းအဆင့်ကလဲနည်း အသားဖွဲ့စည်းပုံကလဲ အလင်းပိတ်မျိုး ပြောရရင်တော့ လုံးဝ သုံးစွဲမရတဲ့ကျောက်မျိုးနွယ်ပါလေ။
တကယ်လို့များ ပိန်းဥကျောက်ဈေးကွက်သာရှိရင် တာမခန့်ဘက် တွင် လွယ်ကူစွာတွေ့နိုင်ပါသည်။တာမခန် ဟောင်ပါး၌ ရေခွံကျောကျောက် အဓိကထွက်၍ မြေမှန်အနည်းငယ် ခေါက်ခွံကျော အနည်းငယ်သာ တွေ့ရှိသည်။ မှော်က ကျယ်ပေမဲ့ ကျောက်စိမ်းကျော တိမ်ခြင်းကြောင့် ကျောက်ကျောများ တအားနည်းပါးသောကာလ အချိန်တစ်ခုဖြစ်သည်။
မှတ်ချက်။ ။ လက်ရှိအချိန် ၂၀၂၀ခုနှစ်အတွင်းထိ တာမခန် ဟောင်းပါ ကျောက်စိမ်းကျောနဲ့ ရွှေကျောများ မရှိသလောက်ကုန်ပါပြီ။
တာမခန် ဟောင်ပါး၌ ခေတ်အဆက်ဆက် ရွှေလုပ်ကိုင်လာသူတွေ ရှိခဲ့သောကြောင့် အချို့နေရာတွေက လုပ်ပြီးသားကျင်းအဟောင်းတွေသာ အများစု လုပ်ကိုင်ရသည်။ဒိုင်ကျန် အခေါ် တစ်ကျင်းနဲ့ တစ်ကျင်းကြား ချန်လန်ထားခဲ့သောနယ်နမိတ်စည်းရိုးများတွေ့ရင်တော့ ကံကောင်းပါတယ် ကျောက်ကျောစစ်၍ ကျောက်မျိုး အလွန်စိတ်ပါသည်။
ကျောက်မျိုးစိတ်ခြင်းဆိုသည်မှာ မှော်စကားဖြစ်၍ ကျောက်စိမ်းများစားစွာထွက်ခြင်းကို ဆိုပါသည်။ကျွန်တော်တို့ ကုမ္ပဏီသည် ဥရုချောင်း ဟိုဘက်ကမ်း ဒီဘက်ကမ်း ကမ်းနှစ်ခုအား လုပ်ကွက်ရသောလည်း တာမခန် ဝါဇီဘက်ခြမ်းက ကျောက်ကျောအဟောင်းများသာ တွေ့ရှိရသည်။
ရွှေအနည်းငယ်သာပါ၍ ကျောက်စိမ်းများမှာလဲ အရည်ကျောက်များ သိပ်မတွေ့တော့။ဟိုအရင်က စိမ်းစိမ်းပါတာသာကောက်၍ အခြားအသားကျောက်များအကုန်ပြန်ပစ်ခြင်းကြောင့် ရိုက်ဖဲ့ အပဲ့အရွဲ့အသားကျောက်များသာ တွေ့ရှိသည်။ ဒါပေမဲ့ အရင်အချိန် ရေကျောက်တစ်ခုသာ ဈေးကွက်ရှိခြင်းကြောင့် အသားကျောက်များဈေးကွက်မရှိခဲ့ခြင်းကြောင့် အချိုးဆိုလျှင် ဘောလီသား ရိုက်ဖဲ့ခံထားရခြင်း အသားဆန်းများ ရိုက်ဖဲ့များ တွေ့ရှိသည်။
အရင်ခေတ်တွေက ဘောလီသား အသာဆန်းတောင် ဈေးကွက်လုံးဝမရှိခဲ့သောကြောင့် ကျင်းအဟောင်းဆိုသော်လည်း ကျောက်သားမြင့်သော ကျောက်များရ၍ အရည်ကျောတော့ အထွက်တအားနည်းပါသည်။ပိန်းဥသားထွက်ချက်ကတော့ ပြောမနေပါနဲ့ လယ်ယာမှ အားလူးဖော်သလိုကို ထွက်သည်။ပိန်းဥ အများအပြားထွက်လို့ တန်းဘိုးမဲ့စေတာလားမသိ ပိန်းဥကျောက်သာ အဖိုးတန်လျှင် ဒီနေ့ အချိန်အခါ၌ တာမခန် ဟောင်ပါးအကုန်ချမ်းသာနိုင်သည်။
သဘာဝတရားကြီးကကို ရှားပါးသောအရာတွေကိုမှ တန်းဘိုးတက်စေတာပါ။တန်ဘိုးလျှော့ကျခြင်း တန်ဘိုးနည်းခြင်း တန်ဘိုးမဲ့ခြင်းတွေကို ပေါများမူကြောင့်ဖြစ်ပေါ်စေသည်။
တာမခန် ဟောင်ပါးမှာ ထူးခြားသော အရောင်းအဝယ်တစ်ခု ရှိခဲ့ဖူးပါသည်။ထိုအရာက ကျောက်ရိုင်းတုံးများအား ဈေးကောင်းပေး၍ ရောင်းရခြင်းဖြစ်သည် ။ကျောက်ရိုင်းဈေးကွက် ခေတ်ထတုန်းက ကျွန်တော်မုန်ကျင်းမှာပါ။ငါးကြင်းခွက်ပါသော အကွက်လေးတွေပါသော အလင်းပေါက် ကျောက်ရိုင်းမျိုးနွယ်မှန်လျှင် လက်သီးစုပ်အရွယ်က စ၍ ရောင်းလို့ရပါသည် ။ အချို့ကျောက်ရိုင်းတုံးဆိုလျှင် ဆယ်ပိုင်း ရာပိုင်းထိတောင် အရောင်းအဝယ်ဖြစ်ဖူးခဲ့သည်။ ကျောက်ရိုင်းတုံးအရောင် တိမ်ခိုရောင် မီးခိုရောင်ဆိုလျှင် အရွယ်အစားအနားရှင်း၍ လက်ကောက်အရွယ်ထု ရလျှင် ဈေးကောင်းရသည်။ထိုဈေးကွက်လည်း ခဏလေးပါ။အချိန်တအားမကြာ အချိန်တစ်လခန့်လောက်ပဲ ကြာသည် ထင်ပါသည်။တာမခန် ဟောင်ပါးနယ်ခံတွေ မှတ်မိအုံးမယ်ထင်ပါတယ်။
ကျွန်တော်တို့ကုမ္ပဏီ ရာသီစ ကျောက်ကျောစားတော့ ဝါဇီဖက်ကမ်း တာမခန်ဘက်မှာ ကျောက်ကျောစ၍လလုပ်ပါတယ် ။တာမခန် ခိုမနားမှာတော့ ဝမ်းစတားကုမ္ပဏီလုပ်နေသောအချိန်ပေါ့။ကျွန်တော်တို့ ကုမ္ပဏီ Winner တော့ လူသိများပါတယ်။ တာမခန် ဘုံကထိန်တွေမှာဆို Winner ကုမ္ပဏီ ပဒေသာပင်က ထိပ်ဆုံးပါ။ငွေအမောင့်အရေအတွက်များလို့ပါ။ကုမ္ပဏီက လှူပါသည်။ရွာထဲလမ်းမကောင်းလျှင်လည်း ပြင်ပေးပါသည်။ကျွန်တော်မရောက်ခင်အရင်အခြေနေတွေတော့မသိ။ကျွန်တော်ကုမ္ပဏီသို့ ရောက်ပြီးကာလအချိန်၌ သာသနနယ်မြေ စေတီးပုထိုးရှိရာ နေရာဒေသများမှ ကျောက်စိမ်းကျောများ ရွာခံများအား မလေးမစား ပြုလုပ်ခဲ့ခြင်းမျိုးတော့ မတွေ့ရှိပါ။
အဲဒါနဲ့ပဲ လုပ်ရင်းကိုင်ရင်း တစ်ရာသီကုန်သွားပါတယ်။ညဘက်တွေ အပျင်းပြေ ဇာတ်ကားများကြည့်ဖို့အတွက် ရွှေမင်းသား ခွေငှားဆိုင်မှ ငှားယူပါတယ်။အဲဒီအချိန်က စမတ်ဖုန်းမပေါ်သေးသောအချိန် ၅သိန်းတန် ဖုန်းကတ်တော့ပေါ်ပြီထင်သည်။
ဖုန်းကိုင်သူများနည်းသောအချိန်ပေါ့။အဲဒီအချိန်အခါမှာ ဖုန်းကိုင်သူထက် ဝေါကီတော်ကီစက်များ ကိုင်သူတွေကတော့ ဆရာကြီးတွေပါ။အဖွဲ့အစည်းများ ကုမ္ပဏီမှရာထူးရာခံ ရှိသူများသာ ကိုင်ခွင့်ရသောအချိန်ဖြစ်ပါတယ်။ဝေါ်ကီတော်ကီ ကိုင်ထားသူက အလှဆင်ရတနာတစ်မျိုးသဖွယ် ဖြစ်သောအချိန်တစ်ခုလိုပါပဲ။
တင်သိန်းသန်း ဘီယာဆိုင် ကျွန်တော်သွားထိုင်ရင်တောင် ခါးကြားက ဝေါ်ကီတောကီကြောင့်နေမှာဆက်ဆံရေးက တစ်မျိုးပြောင်းပါတယ်။ဝေါ်ကီတော်ကီစက်အကြောင်းပြောနေရခြင်းက အကြောင်းအရင်းအခြေခံရှိပါသည်။အဲဒီအချိန်က အခုလို အင်တာနက်လိုင်းသုံးသလိုပါ။ညဘက်ဆို လူတအားစီပါသည်။နာမည်ကြီးသော လိုင်းနံပတ်တွေဆိုလျှင် သူပြော ငါပြောနဲ့ လိုင်းစက်ပေါ်မှာ လူစုံပဲ ပျော်စရာ အချိန်တစ်ခုဖြစ်နေပါတယ်။
လူကလဲပေါင်းစုံ ဖွန်ကြောင်မလား သာကြောင်းမာကြောင်းပြောမလား အကုန်ပေါ့ဗျာ။ကောင်မလေးများနဲ့ အဆင်ပြေသူများကလဲ လိုင်းနံပတ်ပေါ်မှာ သူတို့ကိုယ်တိုင်သိသော လျှို့ဝှက်နံပတ်မှတ်၍ နှစ်ယောက်ထဲ အီတာမျိုး ကြူတာမျိုးတွေ များလာပါသည်။
အဲဒီချိန်က ဗိုက်ကလေးတို့ စောတင်မောင်တို့နဲ့တောင် friend ကျွန်တော်ဖြစ်ပါသည်။အလုပ်အကိုင်ကြောင်းမပါပဲ ဘာသာရေးနဲ့အကြောင်းများ သူကြောင်း ကိုယ်အကြောင်းများ အတော်အသင့် ရင်းနှီးစွာပြောရပါသည်။
ဝေါ်ကီတော်ကီစက် အပြင်းပြေ လိုင်းပေါ်၌ သုံးဖူးသူများ မြင့်မိုရ်လိုင်းငရဲ လိုင်းပေါ့။ကျွန်တော်ရဲ့ ကိုယ်ပိုင် အပျော်အပျက်လိုင်းလေးပေါ့။ကျွန်တော် ကိုယ်ပိုင်လိုင်းလေးပေါ်မှာတောင် လူတအားစည်လာပါသည်။ ကျွန်တော်တို့ ရဲ့ဆွေးနွေးခန်းများကို တကူးတက ဘေးကနားထောင်သူတွေတောင်ရှိပါသည်။
ဝါဇီဘက်ခြမ်းလုပ်ပြီး ရာသီးသိမ်းခါနီးအလို ၁လလောက်မှာ ကျွန်တော့်ဘဝ အဆိုးဝါးဆုံး အခြေနေတစ်ခုနဲ့ ကြုံပါသည်။ဘယ်လိုဖြစ်သလဲ ဆိုလျှင် ရေစက် 7cပျက်၍ ရေစုပ်ပိုက်များ ဖလမ်းများဖြင့် ဆက်ရပါသည်။ရေထဲ၌ တော်တော်ကြာသွားပါသည်။ညဘက်ရောက်တော့ အပြင်းဖျားပါပြီ။နံနက်ရောက်သောအခါ ကျွန်တော်ခြေထောက်တွေ လုံးဝ လုံးဝ လျှောက်လှမ်းလို့ မရတော့ပါ။လေဖြတ်သလို လေငန်းဖြတ်သလို ဖြစ်သွားပါသည်။
ကျွန်တော်အခြေနေအား ကုမ္ပဏီမှ သိ၍ တာမခန်ဆေးရုံသို့တက်ရောက်ကုသရပါသည် ။တာမခန် ဆေးရုံ၌ ၁ရက်မှ ၂ရက် ၁ပတ်၁၀ရက်ထိကုသသော်လည်း လုံးဝ ပြန်လည် ကောင်းမွန်မလာပါ။ကိုယ်စားလှယ် အပ်တီးက သဘောအလွန်ကောင်းပါသည်။ညီလေး မင်းရွာထိ ပို့ပေးမယ်တဲ့ ကျွန်တော်လည်း အကြောက်အကန် ငြင်းပါသည်။ခလုတ်ထိမှ အမိတ အခက်အခဲရှိမှ မိဘကို အပူမပေးခြင်တော့ ပေပေတေတေစိတ်နဲ့ပေါ့
မိဘပစ္စည်းဥစ္စာဆိုတာ သားသမီးပိုင်ပါတယ်။အဲဒီစကားက အမှန်ပါ ဒီစကားအတိုင်းဆိုလျှင် သားသမီးပစ္စည်း မိဘတွေကိုလည်း ပြန်လည်ပိုင်ဆိုင်ခွင့်မျိုးတွေ ပေးသင့်ပါတယ်။အဲဒါမျိုးတော့ ဥပဒေ ဆိုင်ရာတွေမှာတောင် မတွေ့။
ကျွန်တော်က ရွာမပြန်ခြင်တာမဟုတ်။မိဘကို အပူမပေးခြင်တာပါ။မကူညီခြင်နေ မနှောင့်ယှက်ဆိုတဲ့ စကားအတိုင်း မိဘကို မပေးဆပ်နိုင်ရင်သာနေမယ်။
မိဘဆီက လက်ဖြန့်၍ မတောင်းမိအောင်နေဖို့ စိတ်ဓာတ်မွေးခဲ့သူပါ။အဲဒါတွေကြောင့် ရွာမပြန်ဖြစ်ခဲ့။ ကုမ္ပဏီပြန်ရောက်တော့လဲ။လူအကူမရှိရင် အဆင်မပြေတဲ့ အနေအထားဆိုတော့ ဝါဇီဘက်၌ အားငှား၍ သူငယ်ချင်းအတူ ချက်ပြုတ်စားသောက်နေထိုင်တယ်ပေါ့။ကုမ္ပဏီမှ စရင်းရှင်းသောငွေက ၂၇သိန်းလောက်ပေါ့ ရာသီသိမ်းရင် အိမ်ပြန်မယ်ဆိုတဲ့ စိတ်ကူးက အကုန်ပျောက်သွားပါတယ်။
အဲဒီခေတ်က ငွေ က တန်းဘိုးရှိပါတယ်။ကံဆိုးဖို့ ဖြစ်လာစရာကြုံရင် ဘယ်လိုမှ ရှောင်လွဲလို့မရ ရင်ဆိုင်နိုင်အောင် ဖြေရှင်းနိုင်အောင် အားတင်းနိုင်အောင် ပြုလုပ်ခြင်းသာရှိပါသည်။ဖြစ်ချင်တာမဖြစ် မဖြစ်ချင်တာတွေ ဖြစ်ခွင့်နေရတာကိုက ဘဝလို့ခေါ်လေသလားမသိ။
သူငယ်ချင်းနဲ့ အတူ စားလိုက်သောက်လိုက် ဆေးခန်းတွေမှ ကုလိုက် တိုင်းရင်းဆေးမှာကုလိုက်နဲ့အချိန်တွေကုန်လာပါတယ်။ ကုမ္ပဏီနေရင်တော့ ရပါတယ်။နေခွင့်လဲ ရှိပါတယ်။ဒါပေမဲ့ အားနာတတ်ခြင်း အခွင့်အရေးယူခြင်းမရှိတဲ့စိတ်ကြောင့် အပြင်မှာနေခြင်းဖြစ်သည်။
အဲဒီလိုနဲ့ အပြင်မှာ ၃လကြာတော့ လမ်းလဲ ပြန်လျှောက်နိုင်ပြီ။ဒါပေမဲ့ ပြေးလို့မရကောင်းကောင်းမလျှောက်နိုင်တဲ့သဘောပါ။ဘယ်ဘက်ခြေထောက်ကတော့ လျှောက်နေနိုင်သောလည်း မြေကြီးပေါ်၌ပဲ ဒရွတ်တိုက်ဆွဲနေတုန်းဖြစ်ပါတယ်။နေနိုင် သွားနိုင်တော့ သူငယ်ချင်းကို ရွာပြန်လွှတ်လိုက်တယ်။ကျွန်တော်ဆီက လဲ ပိုက်ဆံ တစ်သိန်းချေးပေးလိုက်တယ်။
စုမိဆောင်းမိ စုဆောင်းငွေတွေက ကုန်ပါပြီ။ကုသစရိတ် စားစရိတ်နေစရိတ်တွေကြောင့် ငွေလဲ ၃သိန်းနီးပါးပဲ ကျန်တော့တယ်။ကုမ္ပဏီထဲ လဲ မပြန်တော့ပဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဖားကန့်ဘက်ကို ဆိုင်ကယ်ကယ်ရီ ငှား၍ တက်ခဲ့ပါတော့တယ်။ကျွန်တော်အတွေးထဲက အမေအတွက် ရွှေလုပ်ပေးမဲ့ ဆိုတဲ့ အတွေးက သဲ ထဲ ရေသွန်သလိုပါ။
ကျွန်တော်ဖြစ်ခဲ့သောရောဂါက ထုံရောဂါဆန်၍လင်ငန်းဖြတ်ခြင်း လေးဘက်နာမျိုးဖြစ်ပါသည်။ဆေးအခေါ်ကတော့ အာရုံကြော အားနည်းတာ သွေးတိုးတာ ငှက်ဖျားဒဏ်ရှိတာ ငှက်ဖျားပိုးဦးနှောက်ထဲသို့ ဝင်ခြင်တာ။ကံကောင်းလို့ မသေတာကိုက ကံကြမ္မာကို အထူးကျေးဇူးတင်မိတယ်။
အသက်ရှင်သမျှ ကာလ ပတ်လုံး ကြိုးစားခွင့်ရှိသေးတာပါ။ယုံကြည်ချက် မပျက်စီးသေးပါ။ဘာပဲဖြစ်ဖြစ် ရှေ့ကိုဆက်မည်ဟု ခံယူထားသူပါ။ အဲဒီလိုနဲ့ ဖားကန့်သို့ ပြန်လည်တက်ခဲ့တယ်။
တာမခန် ဟောင်ပါးရေ နှုတ်ဆက်ခြင်းနဲ့ပဲ မခွဲခြင်းပဲ ဘဝအရေးကြောင့် ခွဲခဲ့ရပြီ။တာမခန့်ဒေသလေးကို လွမ်းတော့လွမ်းသား။ စိတ်ဓာတ်ကလဲ ကျပြီလေ။ကုမ္ပဏီဆက်လုပ်ခြင်စိတ်မရှိတော့။
လခစားဘဝနဲ့လဲ ချမ်းသာခြင်းမဖြစ်နိုင်ဘူးဆိုတာ သိထားလေတော့ စွန့်လွှတ်သင့်တာကို ရဲဝံ့စွာ စွန့်လွှတ်ရမယ်ဟု တွေးထားပါတယ်။အဲဒီခေါတ်က ၁သိန်း၇သောင်းငွေပမာဏဟာ တော်တော်ကိုများပါသည်။
ကားသမားလစာထက်တောင် သာပါသည်။ အခုခေါတ်ဆိုရင်တော့ ၄သိန်းခွဲ ၅သိန်ပမာဏနဲ့ တူညီလောက်ပါသည်။ဆုံးဖြတ်ချက်ဆို တာ အခက်အခဲကို ကြောက်ရွံ့၍ မဆုံးဖြတ်ပဲ နေပြီးသား လုပ်ပြီးသားအလုပ် လုပ်ငန်းတွေကို မစွန့်လွှတ် ဖမ်းဆုပ်ထားသမျှ သိသားပြောင်လဲခြင်းမရှိသော ဘဝ ကံအခြေနေကို ရောင်းစားနေတာနဲ့ တူညီပါသည် ။ မိမိလုပ်နေသော လုပ်ငန်း အလုပ်မျိုး လခစားအလုပ်မျိုး လအလိုက် နှစ်အလိုက် သိသာတိုးတက်ပြောင်းလဲခြင်းမှ မရှိလျှင် အဲဒီအရာသည် အမှားထဲ၌ နွံထဲ၌ နစ်နေသူနဲ့သာတူသည်။
တစ်ခါတစ်လေ လက်ရှိဘဝမှ ပြောင်းလဲခြင်းရှိအောင် ရုန်းထွက်ကြည့်ပါ။လက်တာလော ယာယီတော့ အခက်အခဲတွေ အများကြီးတွေ့နိုင်သောလည်း မထူးခြားမပြောင်းလဲသော ကံသေ ဘဝကို စွန့်လွှတ်ခြင်းကြောင့် မိမိဘဝကို လွတ်လပ်စွာ ပုံဖော်ခွင့်ကတော့ ဆီးကြိုနေမှာပါ။
လူတွေပြောနေကျ စကားက ကိုယ်ပိုင်လုပ်ပါကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ပါ ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်အောင်လုပ်ပါဆိုတာတွေက တစ်ယောက်နဲ့ တစ်ယောက် ပြောနေကျ ကြားနေကျ စကားတွေပါ။ဒီစကားဘာလို့ပြောလဲဆိုတော့ အများအားဖြင့်မှန်နေလို့ပါ။
မှန်တဲ့အရာဆိုရင် လူတွေက သိနေပေမဲ့ ဘာလို့မလုပ် အခက်ခဲတွေများလို့ အခက်ခဲကို ရင်မဆိုင်ချင်လို့ လက်ရှိဘဝထက်ဆိုးဝါးမှာကို မလိုလားလို့ နောက်ထပ်မမြင်သာတဲ့ အခြေနေကို မယုံရဲလို့။
တစ်ခါတစ်လေ တွေးကြည့်တယ်။အောင်မြင်သော သူတွေက အချို့က သတ္တိ တအားကောင်းလို့ သတ္တိဆိုတာက လူသတ်ရဲ လူရိုက်ရဲတာမျိုးမဟုတ် အလုပ်ကို ရင်ဆိုင်ရဲတာ လုပ်ရဲတာ ကိုင်ရဲတာ စွန့်စားရဲတာ ဆုံးဖြတ်ရဲတာ။တစ်ခါတစ်လေ မိုက်ရူးရဲဆန်စေသော အတွေးမျိုးကို တွေးရဲတာ အရှုံးကို ရင်ဆိုင်ရဲတာ ထပ်ရေးရင် ထပ်သာများတော့မယ်။
အကြောင်းအရာတွေက ကုန်မယ်မထင် အောင်မြင်ခြင်းကတော့ လက်ရှိမအောင်မြင်ခြင်းရဲ့ အခြားတစ်ဖက်မှာရှိတယ်။ခုန်ကူးလိုက်ပါ။ဆူးရှိနေရင်တောင် ခဏတော့ ဆူးစေမှာပါ။ဆူးကုန်သွားလျှင် လမ်းကောင်းက ကြိုနေစေမှာပါ။နိုင်ငံတော် တောင် ပြောင်းလဲချိန်တန်ပြီ သုံးသေးရင် လက်ရှိ အားမရသောဘဝတွေကို ရဲရဲ သာ ပြောင်းလဲပါ။အမှားပါရင်တောင် အဲဒီအမှားတွေကပဲ အမှန်ဆီသို့ လမ်းပြခေါ်ဆောင်သွားပါလိမ့်မယ်။
အပိုင်း၁၅မျှော်ပါ
ကျောက်စိမ်းမြင့်မိုရ်-လုံးခင်း