သိန်းထောင်ချီကျောက်တွေနဲ့ ဘဝပျက်ခဲ့ရသူ ဦးခမ်းလုံ အပိုင်း(၁)

1991ခုနှစ် ရှမ်းပြည်နယ် ရွာလေးတစ်ရွာ၌ လင်မယားနှစ်ဦးရှိပါတယ်။ထိုလင်မယားရဲ့ အဓိကလုပ်ကိုင်သော လုပ်ငန်းမှာ ယာခင်းမြေကွက်များတွင် အားလူးစိုက်ပျိုးခြင်းနဲ့ ပန်းမုန့်လာ ပန်းဂေါ်ဖီ စိုက်ပျိုးလုပ်ကိုင်သည်။ ဦးခမ်းလုံ+ဒေါ်နန်းမေ တို့ဖြစ်ပါသည် ။ သူတို့နှစ်ဦးမှာ ၅နှစ်ခန့် သမီးလေးတစ်ယောက်ရှိပါသည် ။ဦးခမ်းလုံတို့ ယာခင်းစိုက်ပျိုးများသလို အဆင်ပြေစ အခြေနေ၌ ရှိပါသည်။
1991ခုနှစ်အတွင်း၌ မိုးလေဝသ အခြေနေမကောင်းခြင်း သီးနှံထွက်နှုန်းနည်းခြင်း သီးနှံဈေးမကောင်းခြင်းနဲ့ အတူ ဦးခမ်းလုံတို့ လွန်စွာ ငွေကြေဆုံးရှုံးမူများခဲ့သည်။(ဥပမာ ယာခင်းမြေအတွက် ကုန်ကျမူက ၁၀သိန်းမျှ ကုန်မယ်ဆိုလျှင် ပြန်ရလာသော သီးနှံဖိုးက ၂သိန်းဖိုးခန့်လောက်သာ ပြန်ရတာမျိုးကို အရင်းအနှီးရှုံး လုပ်အားရှုံး အရှုံးများစွာ ကြုံရခြင်းမျိုးဟု ဆိုနိုင်သည်)ဦးခမ်းလုံတို့ ရွာလေးက အလွန်အေးချမ်းသာယာပါသည် တောတောင် သဘာဝအလှများစွာနဲ့ လေကောင်းလေသန့် ရရှိမူ တောကောင် တောမုဆိုးပေါများခြင်းကြောင့် သားဟင်း ငါးဟင်း အစားအသောက်ပေါများပါသည်။ ဦးခမ်းလုံတို့ နယ်တစ်လျှောက် မြစ်မရှိပါ။
ချောင်းငယ်များ သဘာဝစိမ့်စမ်းကန်များကို အမှီပြု နေထိုင်သည်။ ထိုရွာ၌ လက္ဖက်နဲ့ ချယ်ရီအား မစိုက်ပါ။ထင်းရှုးပင်တော့ အလွန်ပေါများသည်။ တစ်ရွာလုံးနီးပါ ရှမ်းတိုင်းရင်းသားတွေသာ နေထိုင်ပါသည်။တိဘက်ဒေသမှ ပြောင်းလာသူ မိသားစု တစ်စု ထိုရွာလေး၌ ထူးခြားစွာရှိပါသည်။ ဘာသာရေးဆိုင်ရာ စေတီပုထိုးကျောင်းများလဲ နှစ်ပေါင်း ၁၅၀ခန့် သက်တန့်ရှိ စေတီပုထိုးများ တည်ရှိပါသည်။ထိုရွာလေးသည် ဗုဒ္ဓဘာသာကို မိရိုးစဉ်လာအတိုင်းကိုးကွယ်ကြသည်။ထိုရွာလေး၌ အလောင်းစည်သူမင်းတည်ထား ကိုးကွယ်ထားသောရှေ့ဟောင်း စေတီငယ်တစ်ဆု ရှိပါသည်။
ဦးခမ်းလုံနဲ့ ဒေါ်နန်းမေတို့ စီးပွားရေး စပျက်သော နှစ်ဖြစ်လာခဲ့သည်။ ယာခင်းမှ လွန်စွာဆုံရှုံးမူများခြင်းကောင့် ငွေချေသုံးယူရသော သူများကို မပေးနိုင်ခဲ့။နောက်ဆုံး ယာခင်း၃ပုံတစ်ပုံခန့် ရောင်းချကာ ပေးရပါသည်။1992ခုနှစ်သို့ ရောက်တော့လည်း ဦးခမ်းလုံတို့ ယာခင်းမှာ အားလူးစိုက်ပျိုးခြင်း ဆက်လျှက်လုပ်ကိုင်သည် ။
ရှမ်းပြည်နယ်၌ မိုးကကောင်းပါသည် တောင်သူလယ်ယာ လုပ်ငန်းလုပ်သူများ ဒီနှစ် မိုးလေဝသ အဆင်ပြေနေသဖြင့် ရှမ်းပြည်နယ် တောင်သူလုပ်ငန်းရှင်များအတွက် ပျော်စရာအိမ်မက်ဖြစ်နေသည်။
ဦးခမ်းလုံတို့လင်မယားလဲ မိုးလေဝသ ကောင်းမွန်သဖြစ် ဒီနှစ်တော့ သီးနှံ အထွက်တိုးပြီဟု တွေး၍ ပျော်နေသည်။
ဦးခမ်းလုံမှ မိန်းမအား= နန်းရေ ဒီနှစ်တော့ သီးနှံသေခြာပေါက်ရပြီကွာ သီနှံဈေးတွေလဲ ကောင်းတယ်လို့ ကြားမိတယ် ဒီနှစ်က ငွေဝင်ကောင်းပြီ ငါလဲကျန်သောအကြွေးတွေ ထပ်ဆပ်လို့ရမှာ ပိုလာတဲ့ငွေကိုလဲ နန်းနဲ့ သမီးလေးအတွက် ရွှေလေးလုပ်ပေးမယ်ဟာ
အားလူးဈေးတွေကလဲ ကောင်းတယ်ဟ တရုတ်ပြည်ဘက်ကကို အဝယ်လိုက်တယ်လို့ ကြားမိတယ် ဒီနှစ်ကတော့ရွှေဖြစ်ပါပြီဟာ
နန်းမှ= ကိုခမ်းရယ် ကျမတို့အတွက် ရွှေမလိုပါဘူးတော် အကြွေးလေးတွေ ကျေမှ စိတ်ချမ်းသာမှပါတော်
အဲဒီလိုနဲ့ အားလူးဖော်တဲ့အချိန်သို့ ရောက်ခဲ့ပြီ။အားလူးထွက်နှုန်းကောင်းပေမဲ့ အားလူးဖျက်ပိုးဝင်၍ အားလူးများ ရောင်းတန်းမဝင်တော့ပါ အရင်နှစ်ကထက် ပို၍ အရင်းအနှီးလုပ်အားခတွေ ရှုံးပြန်ပြီ။ကံဆိုးခြင်းဆိုတာ ဆိုင်းမဆင့် ဗုံမဆင့်ပေါ်လာတတ်ပါသည်။
ဦးခမ်းလုံ စိတ်ဓာတ်ကျနေပြီ တောင်သူလုပ်ငန်းအား စိတ်ကုန်ပြီ။ အာလူးမစိုက်ခင်က ချေးယူထားသော ငွေအရင်းအနှီးများပေးရအုံးမည် မနှစ်ကအကြွေးလေးတွေက ကျန်တာတစ်မျိုး ပေးစရာငွေကမရှိ။ တောင်သုလုပ်ငန်းကိုလဲ လုပ်ချင်စိတ်မရှိတော့ပါ။
ဒေါ်နန်းမှ= ကိုးခမ်းရယ် စိတ်ရှည်ပါနော် ဒီနှစ်မရရင် နောက်နှစ်ပေါ့။
ဦးခမ်းမှ= တော်တော့မိန်မ ငါတို့တောင်သူလုပ်လာတာ နင်နဲ့ရကတဲ့က ပိုပိုလျှံလျှံ ငွေမစုမိပေမဲ့ စားနိုင်သောက်နိုင်ခဲ့တယ် အခုပဲကြည့် ငါတို့တောင်သူရှုံးနေတာ ၂နှစ်ရှိပြီ အကြွေးတွေကလဲ ဆပ်ရအုံးမယ် မဆင်လို့လဲမဖြစ် အတိုးတွေတက်တာနဲ့ကို မဆပ်လို့မရ ငါတော့ တောင်သူလယ်ယာလုပ်ငန်းစိတ်ကုန်ပြီ။
မိုးလေဝသကတစ်မျိုး သီးနှံဈေးကွက်တစ်မျိုး သီးနှံထွက်နှုန်းတိုးအောင်လဲ ဂရုစိုက်ကြိုးစားရတာကတစ်မျိုး တောင်သူလယ်ယာအလုပ်က ရစရှိရင်သာ သိသာအောင်မရတာ ရှုံးစရာရှိတော့ ခွက်ခွက်လန်အောင်ရှုံးတယ်။ငါတော့စိတ်ကုန်ပြီ။ငါလဲကြိုးစားခဲ့တာ နင်အသိပါ။ကြိုးစားတိုင်းမှ မဖြစ်တာ လယ်ယာတွေအကုန်ရောင်းပြီတော့ အကြွေးဆပ်စရာရှိတာ ဆပ်မယ်ဟာ။
ပိုတဲ့ငွေနဲ့ စီးပွားဖြစ်လောက်တဲ့ နယ်မြေကို ပြောင်း၍ လုပ်ကိုင်စားသောက်မယ်ဟာ ငါကတွေးထားတယ် ရွာတောင်ပိုင်းက (စိုင်းမွန်)သွားသော ကချင်ပြည်နယ် ဖားကန့်မှာ ဈေးသွားရောင်းပြီ နေမယ်ဟာ ရှိတဲ့အရင်းအနှီးလေးနဲ့ နင်ဘယ်လို သဘောရလဲ တောင်သူဆက်လုပ်ဖို့က မဖြစ်နိုင်တော့ဘူး အကြွေးဆပ်ဖို့အတွက် လယ်ယာက ရောင်းရတော့မယ်ဟ
အခုလယ်ယာရောင်းငွေ အကြွေးဆပ်ရင် တစ်ဝက်လောက်တော့ ကျန်အုံးမှ
ဒေါ်နန်းမှ= ကချက်ပြည်နယ် ဖားကန့် ဈေးကဘာလိုရောင်းမှာလဲ ဖားကန့်က ဘာရှိလို့လဲ ဈေးကောရောင်းကောင်းမလား ရှင်က ဘယ်တုန်းက ဈေးရောင်းဖို့လို့လဲ နားလည်မလယ်ပဲနဲ့ ကိုယ်နဲ့မကျွမ်းတာ မလုပ်ပါနဲ့တော်
ဦးခမ်းမှ= ဖားကန့်က ကျောက်စိမ်းထွက်နေတယ်ဟာ။အဲဒီဘက်မှာ ငွေရှာလို့ တအားကောင်းတယ်ဟု စိုင်းမွန် ရွာပြန်လာတုန်းက ပြောသွားတယ်ဟ သွားမယ်ဟာ အဲဒီကိုပဲ ငါဆုံးဖြတ်ပြီးပြီ တောင်သူမလုပ်တော့ဘူးဟ
ဈေးက ဟိုရောက်မှ မီးစင်ကြည့်က တာပေါ့ဟာ။
ဒေါ်နန်းမှ= ယောက်ျားအလိုဆန္ဒအား မငြင်းပယ်နိုင်တော့ “ကောင်းပါပြီ ရှင်သဘောပါတော်”
ဦးခမ်းနဲ့ ဒေါ်နန်းတို့ ရွာမှ မထွက်ခွါဖို့အရေး ရွာမှ ဝိုင်းတားပါသည် ဒါပေမဲ့ ဦးခမ်းတို့ လင်မယားက လက်မခံပါ ဦးခမ်းတို့ ရှိသမျှ လယ်ယာရောင်းပြီးလို့ အကြွေးတွေလဲ ဆပ်ပြီးပြီ။(ဦးခမ်းတို့ လင်မယားဟာ ရွာ၌ ကောင်းမွန်စွာနေထိုင်သူ ရိုးသားသူများဟု ရွာမှ အသိအမှတ်ပြုထားသည် ဦးခမ်းတို့ လင်မယား ရွာ၌နေစဉ်ကာလာပတ်လုံး အမည်ပျက်ခြင်း ဂုဏ်သိခ္ခါမဲ့အောင် တစ်ကြိမ်တစ်ခါမှ မလုပ်ခဲ့။ ရှမ်းပြည်နယ် ထင်းရှုးတောတန်းချယ်ရီမြေမှ ကချင်ပြည်နယ် ဂျိမ်းဖောမြေသို့ ခရီးစထွက်ခဲ့ပြီ။ ရွာမှာ လူအားလုံးကိုလဲ နှုတ်ဆက်ခဲ့ပါတယ်။ရွာသူရွာသားတွေကလဲ တားမရမှန်းသိတော့ စိတ်မကောင်းယုံကလွဲ အခြားမတတ်နိုင်ပါ။
ဦးခမ်းတို့ မိသားစု ရှမ်းပြည်နယ်မှ တစ်ဆင့် ကချင်ပြည်နယ် ဖားကန့်သို စီးပွားရှာ ထွက်ခဲ့ပြီ။
ဦးခမ်းနဲ့ ဒေါ်နန်းမေ ကချင်ပြည်နယ် ဖားကန့် လုံးခင်းရွာလေးသို့ ရောက်ခဲ့ပြီ။ဦးခမ်းလုံနဲ့ ဒေါ်နန်းမေတို့ ထင်မထားပါ လုံးခင်း ဖားကန့်ဟာ ဒီလောက်လူများ စည်ကားမည်လို့ ထင်မထားပါ လုံးခင်းရွာလေးက စည်းကားစ အစပျိုးတဲ့အချိန်ပါ လူတွေလဲ ဥဒဟို သွားလားနေကြတာ ဦးခမ်းတို့ မြင်တွေ့နေတော့ အားတက်နေပါသည်။
လုံးခင်းရွာမှ အခု(ရပ်ကွက်2) ၌ အိမ်ခန်းငှား နေထိုင်ပါသည်။ ဦးခမ်းတို့လင်မယားဆီမှာ ငွေအတော်အသင့် ရင်းနှီးစရာပါလာပါသည်။သူတို့လင်မယား ဘာဆက်လုပ်မယ်ဆိုတာ မသိသေး အရပ်ဒေသ အကြောင်းနားမလည်တော့ ဘာရောင်းလို့ ဘာလုပ်ရမယ်ဆိုတာ အတွေးက မပေါ်သေးပါ။ဦးခမ်းတွေးမိသည် တစ်ခုခုတော့ သေခြာပေါက် လုပ်မှ ဖြစ်မည်ဆိုတာကို
အပိုင်း(၂)မျှော်ပါ
ကျောက်စိမ်းမြင့်မိုရ်(လုံးခင်း)