ကျောက်သမား(နှင့်)ကျောက်ကုန်သည်
ကျောက်သမားတစ်ယောက်ဟာကျောက်ကိုနားလည်တတ်ကြွမ်းအောင်လေ့လာသင်ပြီးကျောက်ကိုအပိုင်ဖြတ်တယ် ကျောက်မြင်တိုင်းလုပ်ချက်ကိုဦးစားပေးတယ်။ကျောက်ကိုဘာကျောက်လဲအသားအဆင့်ဘယ်လောက်လဲဆိုတာထက် ဘာလုက်ချက်ရှိလဲဘယ်လောက်ကျန်နိုင်လဲကိုဘဲစဉ်းစားတယ် လုပ်ချက်ကလေးနဲ့ဘဲဝယ်ရောင်း၊ဖြန်တောက်တယ်။တစ်ကွက်ကောင်းမြင်ရင်အပိုင်ဖြတ်ချတယ်၊ကျောက်ကုန်သည်… သူကျတော့ကျောက်သမားလိုဘဲကျောက်ပညာကိုကြွမ်းကြွမ်းကျင်ကျင်တတ်မြောက်တယ်။နားလည်တယ်။သူကြတော့ကျောက်သမားလိုဘဲလုပ်ချက်ကိုဦးစားပေးလုပ်တာပါဘဲ။ဒါပေမယ့်ကျောက်ကုန်သည်ကကျောက်ကိုဘယ်တော့မှမဖြတ်ဘူး၊သူကကျောက်ကိုလှအောင်ပြင်ပြီးတော့ဘဲပြန်ရောင်းတယ်။ ပုံမှန်အမြတ်ကိုဘဲအလေးထားတယ်။သူတိုနှစ်ဦးဟာ အတူတူဘဲ အားလုံးလုပ်ပုံလုပ်နည်းတူပါတယ်၊မတူတာကကျောက်သမားကကျောက်ဖြတ်တယ်၊ကျောက်ကုန်သည်ကကျောက်မဖြတ်ဘူး။ ကျောက်သမားကရတဲ့ကျောက်တိုင်းကိုဖြတ်ကွက်ကိုဘဲအလေးထားတယ်၊အပိုင်တစ်ကွက်ကောင်းဘဲစောင့်တယ်၊ကျောက်ကုန်သည်ကရတဲ့ကျောက်တိုင်းကိုဆေးချက်ဘဲကြည့်တယ်၊ဖြတ်ကွက်မကြည့်ဘူး၊လှအောင်ဘဲအမြဲဆေးပြီးရောင်းစားတာမို့သူအကြည့်ကဘယ်လိုပြင်ပြီးရောင်းရင်မြတ်မလဲဘဲအမြဲစဉ်းစားတယ်၊ကျောက်မှာကံတစ်ခုအပေါ်မှာလုပ်စားရတာမို့ ကျောက်ကုန်သည်ကကြီးပွားသွားတာများတယ် ကျောက်သမားကမကြီးပွားဘူး၊ကြီးပွားတဲ့သူတွေလဲရှိပါတယ်၊ဒါပေမယ့်ကျောက်ကုန်သည်လိုလက်ညိုးထိုးပြလို့မရဘူး အကောင်းဆုံးလမ်းက ကျောက်ကုန်သည်အလုပ်ကိုအမြဲလုပ်ရင်းတခါတခါမှကျောက်သမားလုပ်ပါ ကိုယ့်ရဲ့ကြွမ်းကျင်မှုအပေါ်တွက်စပြီးကျောက်ကုန်သည်လုပ်ရင်းတခါတခါအပိုင်တွက်မြီးမှကျောက်ကိုဖြတ်ပါ။မပိုင်ရင်မသေချာရင်ကျောက်ကုန်သည်လုပ်ပါ၊သေချာပြီအပိုင်တွက်နိုင်ပြီဆိုကျောက်သမားလုပ်ပါ အများဆုံးကျောက်ကုန်သည်လုပ်ပါ….အနည်းဆုံးကျောက်သမားလုပ်ပါလို့ပြောကြားရင်း…