သဘာဝပုလဲတွေရဲ့အကြောင်းတစေ့တစောင်း
သဘာဝပုလဲတွေရဲ့အကြောင်းတစေ့တစောင်း ပုလဲဆိုတာကတော့ မာကျောမှုရှိတဲ့အပြင် တောက်ပချောမွတ်တဲ့မျက်နှာပြင်ကိုပိုင်ဆိုင်ထားတဲ့သဘာဝရဲ့လက်ဆောင်ရတနာလေးတွေပဲဖြစ်ပါတယ်။ ပုလဲတွေဟာ ရောမခေတ်ကတည်းက ကူးသန်းရောင်းဝယ်ရေးမှာအရေးပါအရာရောက်တဲ့ ရောင်းကုန်တစ်ခုပဲဖြစ်ပါတယ်။ အနောက်ဥရောပမှာဆိုရင်လည်း ရာထူးမြင့်မြတ်တဲ့သူကောင်းမျိုးရိုးက အမျိုးသမီးတွေဟာ ပုလဲဆွဲကြိုး၊ ပုလဲနားကပ်၊ ပုလဲလက်ကောက်တွေနဲ့ ပုလဲဆံထုံးတွေကိုဆင်ယင်ထုံးဖွဲ့လေ့ရှိကြတာဖြစ်ပါတယ်။…